Sunday, June 24, 2007

ကျွမ်းကျင်ရာ လိမ္မာရာ…




Singapore IT လောကထဲက နာမည်ကြီး အလုပ်အကိုင်တွေဖြစ်တဲ့ Analyst Programmer, Software Engineer, Programmer, Network Administrator စတာတွေ အများကြီးထဲက နာမည်မကြီးတဲ့ အလုပ်လေးတစ်ခုအကြောင်းပါ။

တချို့ ကုမ္ပဏီတွေက Education Consultant လို့ခေါ်ပြီး တချို့ ကုမ္ပဏီတွေက Residential Trainer လို့ခေါ်ပါတယ်။ Primary school, Secondary School နဲ့ Junior College တွေမှာရှိတဲ့ IT Department တွေမှာ လုပ်ရတာပါ။

ဒီအလုပ်တွေကို ကျောင်းတွေအတွက် Educational Portal တွေရောင်းတဲ့ ကုမ္ပဏီတွေမှာ လျှောက်ရတာပါ။ အနည်းဆုံး စာသင်ဖူးတဲ့ အတွေ့အကြုံရှိဘို့နဲ့ IT နဲ့ ပတ်သက်တဲ့ ဘွဲ့တစ်ခုရှိရပါမယ်။ ကုမ္ပဏီနဲ့ Interview တဲ့အခါ Classroom Management နဲ့ဆိုင်တဲ့ Scenario တွေ ပြောပြပြီး ဘယ်လိုဖြေရှင်းမလဲ ဆိုတာမျိုးတွေ၊ Plot တစ်ခုပေးပြီး ကိုယ်က နမူနာ သင်ပြရမျိုးတွေ မေးလေ့ရှိပါတယ်။ ကုမ္ပဏီက ကိုယ့်ကို လက်ခံပြီးသွားတဲ့အခါ သက်ဆိုင်ရာ ကိုယ်အလုပ်လုပ်မယ့် ကျောင်းကလည်း လက်ခံဘို့ လိုပါတယ်။ ဒါကြောင့် ကုမ္ပဏီနဲ့ Interview အောင်သွားရင် ကျောင်းအုပ်ကြီးရဲ့ Interview အောင်ဘို့ လိုပါတယ်။ တကယ်လို့ ကိုယ်ကို လက်ခံတဲ့ကျောင်းမရှိသေးရင်လဲ ကုမ္ပဏီ က လခပေးထားပြီး ကုမ္ပဏီမှာ training ဆင်းနေရပါတယ်။ Consultant တစ်ယောက်က ကျောင်းတစ်ကျောင်းကို တာဝန်ယူရတာပါ။ ကိုယ်ရဲ့ experience ပေါ်မူတည်ပြီး Primary Level, Secondary Level စတာတွေကိုတော့ ကုမ္ပဏီက ဆုံးဖြတ်ပေးပါတယ်။ ကျောင်းတွေကို Interview သွားတဲ့အခါ ကုမ္ပဏီက မန်နေဂျာရယ်၊ ကျောင်းအုပ်ကြီးရယ်၊ ကျောင်းက IT Department ရဲ့ Head Of Department (HOD) တို့နဲ့ တွေ့ဆုံရပါတယ်။ ကိုယ့်အကြောင်းကို သေသေချာချာ ရှင်းပြနိုင်ဖို့ လိုအပ်သလို စာသင်ရတာပျော်တဲ့ အကြောင်းလဲ ပြောပြဘို့ လိုပါတယ်။ HOD က ကျောင်းတစ်ခုလုံးရဲ့ IT နဲ့ ပတ်သက်ပြီး သူတို့သုံးတဲ့ Software တွေ၊ ကိုယ်တာဝန်ယူရမဲ့ အလုပ်ဝတ္တရားတွေကို ရှင်းပြပါတယ်။ ဒီ Interview အောင်သွားရင်တော့ တကယ့် လုပ်ငန်းခွင်ထဲရောက်ပြီလို့ပြောလို့ရပါပြီ။

အလုပ်စဆင်းတဲ့နေ့မှာ ကွန်ပျူတာ အလုံး ၄၀ လောက်ရှိတဲ့ Lab တစ်ခုကိုယ့်ကို ပေးပါတယ်။ တစ်ယောက်တည်းနေရတာပါ။ ဒီ Lab ထဲမှာရှိတဲ့ Equipment အားလုံးရဲ့ အပျောက်အရှကိုလည်း တာဝန်ယူရပါတယ်။ များသောအားဖြင့် Lab တွေမှာ ကွန်ပျူတာတွေချည်း ရှိတာမဟုတ်ပါဘူး။ Video Camera အမျိုးမျိုး၊ Digital Camera များစွာနဲ့ Banner Printer ၊ Laptop နဲ့ တခြား IT နဲ့ ဆိုင်တဲ့ ပစ္စည်းများစွာ ရှိတတ်ပါတယ်။ ဆရာမတွေက ပစ္စည်းဌားပြီးရင် မေ့ မေ့ပြီး ပြန်လာမပေးတတ်ပါဘူး။ ဒါကြောင့်မို့ စာရင်းအတိအကျနဲ့ လက်မှတ်ထိုးပြီးမှ ပစ္စည်းဌားရတာ လဲ အလုပ်တစ်ခုပါပဲ။

ကျောင်းမှာရှိတဲ့ IT နဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေအားလုံးနဲ့ အရင်နှစ်တွေက လုပ်ခဲ့တဲ့ Trainer ရဲ့ Annual Report တွေကို အရင်ဆုံးလေ့လာရပါတယ်။ ဆရာ၊ ဆရာမတွေကို IT နဲ့ပတ်သက်ပြီးဘာတွေသင်ကြားရမလဲ၊ ကလေးတွေကို ဘာတွေသင်ကြမလဲ ဆိုတာတွေအားလုံးကို HOD နဲ့တိုင်ပင်ရပါတယ်။ သူတို့ Lesson Plan နဲ့ Lesson Outline တွေကို Update လုပ်ပေးရပါတယ်။

Primary ကလေးတွေကို သင်ကြားရတဲ့ ဘာသာရပ်အများစုကတော့ ရိုးရှင်းပါတယ်။ ဥပမာအားဖြင့် Primary 1 ကို Creative Writer လို Software မျိုး၊ Primary 2 ကို Microsoft Word ၊ Primary 3 ကို PowerPoint ၊ Excel ၊ Primary 4 ကို Microsoft Publisher ၊ Mind Mapping ၊ Advance Excel ၊ Primary 5 ကို HTML ၊ CSS ၊ Dreamweaver ၊ Blogging အခြေခံနဲ့ Primary 6 ကို Flash ၊ Video Production နဲ့ အခြေခံ JavaScript စသည်ဖြင့် သင်ကြားကြရပါတယ်။ Primary 6 အောင်သွားပြီးတဲ့အခါ ကိုယ်ပိုင် Web Site တစ်ခု ကောင်းကောင်း ရေးနိုင်ရမယ်။ Animation လုပ်နိုင်ရမယ်။ ကိုယ်ပိုင် Video ကို edit လုပ်နိုင်ရမယ် လို့ဆိုပါတယ်။ ဒါ့အပြင် ကိုယ့် ကုမ္ပဏီရဲ့ Product တစ်ခုဖြစ်တဲ့ Portal ကို ကောင်းကောင်းသုံးနိုင်အောင်လဲ လေ့ကျင့်သင်ကြားပေးရပါတယ်။

ဆရာမတွေကိုလဲ Portal ပေါ်မှာ Assignment တွေပေးနိုင်ဘို့၊ Survey Form တွေတင်နိုင်ဘို့၊ Lesson Package တွေတင်နိုင်ဘို့ သင်ကြားရပါတယ်။ ဒါ့အပြင် Dreamweaver လို S/W မျိုး ၊ Excel လို S/W မျိုးနဲ့ သူတို့ သင်ချင်တဲ့ IT ဆိုင်ရာ course တွေသင်ပေးနိုင်ရပါမယ်။

နောက်တာဝန်တစ်ခုကတော့ ကျောင်းရဲ့ website ကို Admin လုပ်ပေးရတာပါ။ တချို့ကျောင်းတွေမှာ Intranet လဲရှိတတ်ပါတယ်။ Webpage တွေအားလုံးကို update လုပ်ပေးရပါတယ်။ များသောအားဖြင့် ရိုးရှင်းတဲ့ website တွေဖြစ်ပေမယ့် E-services ပေးတဲ့ အထိ ကြီးကြီးမားမား ရေးထားတဲ့ school website တွေလဲရှိတတ်ပါတယ်။ များသောအားဖြင့် PHP နှင့် MySQL သုံးထားတာပါ။ ကိုယ်တာဝန်ယူရတဲ့ ကျောင်းကို IT နဲ့ပက်သတ်ပြီး တိုးတက်မှုရှိဘို့က ကိုယ့်တာဝန်ပါပဲ။

ဒါ့အပြင် ပညာရေးဝန်ကြီးဌာနက အခါအားလျော်စွာ ထုတ်ပြန်တဲ့ IT Plan တွေကိုလဲ လေ့လာရပါတယ်။ Cyber Law တွေ၊ Copyright Law တွေနဲ့ Internet မှာ ကလေးတွေအတွက် ဆိုးကျိုး ဖြစ်လာနိုင်တာ တွေကိုလဲ လေ့လာရပါတယ်။ ဒါပြီးရင် Assembly Talk လို့ခေါ်တဲ့ တကျောင်းလုံးကို Hall မှာစုပြီး Presentation လုပ်ရတာတွေလဲရှိတတ်ပါတယ်။

ကျောင်းတိုင်းမှာ TA လို့ခေါ်တဲ့ Technical Assistant အနည်းဆုံး တစ်ယောက် ရှိပါတယ်။ ဒါက မရှိမဖြစ် Ministry Of Education (MOE) ကချမှတ်ထားတဲ့ စည်းကမ်းပါ။ TA ရဲ့ တာဝန်ကတော့ တကျောင်းလုံးမှာရှိတဲ့ ကွန်ပျူတာတွေရဲ့ အသေးစား ချွတ်ယွင်းမှုကနေ Server Maintenance အထိ အကျုံးဝင်ပါတယ်။ ကိုယ့်ရဲ့ Lab ထဲက စက်တွေအားလုံး၊ Projector ကအစ ချွတ်ယွင်းမှုရှိရင် TA ကိုခေါ်လိုက်ယုံပါပဲ။

ကျောင်းတွေမှာ ကျင်းပလေ့ရှိတဲ့ အားကစားပွဲတွေ၊ နှစ်သစ်ကူးပွဲတွေ၊ ဆရာမများနေ့၊ ကလေးများနေ့ အစရှိတဲ့ ပွဲတွေမှာလည်း ဗီဒီယို ရိုက်ကူးတဲ့အခါ ကင်မရာ ဘယ်နှစ်လုံးသုံးမလဲ၊ ဘယ်နေရာတွေမှာ တပ်ဆင်မလဲ၊ ဓါတ်ပုံက ဘယ်သူရိုက်မလဲ၊ အားလုံးက ကိုယ့်တာဝန်ပါပဲ။ ရိုက်ကူးပြီးစီးလို့ အခွေ ထွက်လာတဲ့ အထိ အဆင့်ဆင့်ကလဲ အဖွဲ့ခေါင်းဆောင် Consultant ရဲ့တာဝန်ပါပဲ။

တခါတလေ ဆရာမတွေက Print ထုက်လို့မရလို့၊ ပုံကို scan မကူးတတ်လို့၊ Photoshop သုံးတတ်ချင်လို့၊ CD Burn တတ်ချင်လို့ စတဲ့ အသေးအဖွဲလေးတွေက စပြီး၊ နောက်ဆုံး သူတို့ရဲ့ သင်ခန်းစာတွေမှာ IT ကို Integrate လုပ်နိုင်ဘို့အထိ ဘာပဲဖြစ်ဖြစ် ကိုယ့်ကို လာရှာတတ်ပါတယ်။ဥပမာအားဖြင့် သူတို့ရဲ့ သင်ခန်းစာမှာ Mammals အကြောင်းသင်ရမယ်ဆိုရင် ကလေးတွေကို zoo ကိုခေါ်သွားဘို့ သူတို့ကစီစဉ်ပြီဆိုပါတော့။ သူတို့က ကိုယ့်ကို ဒီ subject အတွက် Project တစ်ခုအနေနဲ့ IT ကဘာတွေလုပ်ပေးနိုင်သလဲဆိုပြီး လာတတ်ပါတယ်။

ဒါဆိုရင် IT department အနေနဲ့ Blog တစ်ခုကို End Product အနေနဲ့ လိုချင်တယ်လို့ Plan ရေးပြီး HOD နဲ့ ဆွေးနွေးရပါတယ်။ ပြီးရင်ကလေးတွေကို ပထမဆုံး အဆင့်ဖြစ်တဲ့ Internet Search လုပ်တာကနေ Blog တစ်ခု (ဓါတ်ပုံ၊ ဗီဒီယို ပြည့်ပြည့်စုံစုံ) တင်ပြီးသွားတဲ့ အထိ သင်ကြားသင့်တာသင်၊ Presentation လုပ်သင့်တာလုပ်ပြီး သူတို့ သတ်မှတ်တဲ့ အချိန်နဲ့ ကွက်တိ ဖြစ်အောင် သင်ခန်းစာတွေကို ပြင်ဆင်ပေးရ၊ လေ့ကျင့်ပေးရတတ်ပါတယ်။

နောက်တာဝန်တစ်ခုကတော့ ပြိုင်ပွဲတွေပါ။ ဒီနိုင်ငံရဲ့ကျောင်းတွေမှာ IT နဲ့ ပတ်သက်တဲ့ ပြိုင်ပွဲတွေ အရမ်းများပါတယ်။ အစိုးရကလုပ်တဲ့ ပွဲတွေအပြင် Software Vendor တွေက လုပ်တဲ့ပွဲတွေလဲ အများကြီးပါပဲ။ ပြိုင်ပွဲတွေအတွက်ကတော့ ကျောင်းမှာရှိတဲ့ InfoCom Club က ကလေးတွေထဲက ရွေးချယ်ပါတယ်။ InfoCom Club ဆိုတာကတော့ IT နဲ့ပတ်သက်ပြီး သီးသန့် အချိန်ယူလေ့ကျင့်သင်ကြားပေးထားတဲ့ ကလေးတွေပါ။ ပြိုင်ပွဲတွေအတွက် Seminar တွေအရင်သွားတက်ရပြီး HOD နဲ့ တိုင်ပင်ရပါတယ်။ ဒီပြိုင်ပွဲကို ကိုယ့်ကျောင်းက ကလေးထည့်မလား၊ စသည်ဖြင့်ပေါ့။ ပြီးရင် Club မှာပါတဲ့ ကလေးတွေ အားလုံးကို Meeting ခေါ်ပြီးရွေးချယ်ရပါတယ်။ အနီးကပ် လေ့ကျင့်သင်ကြားကြရပြန်ပါတယ်။ ဆုတွေရလာတဲ့ အခါတော့လဲ ပီတိစားပြီး အားရှိရပြန်တာပဲပေါ့။

ကိုယ့်ရဲ့ မိခင် ကုမ္ပဏီကို နေ့တိုင်း Daily Activities Report တင်ရပါတယ်။ ဒါကတော့ ကုမ္ပဏီ Website ကို သုံးပြီး submit လုပ်လိုက်ရုံပါပဲ၊ အပတ်စဉ် သောကြာနေ့တိုင်း weekly report ကို HOD က လက်မှတ်ထိုးပြီး Fax ပို့ပေးရပါတယ်။ ၁ လ တစ်ခါလဲ Monthly Report ဆိုပြီး HOD လက်မှတ်နှင့် ကုမ္ပဏီမှာ လူကိုယ်တိုင် သွားတင်ရပါတယ်။ အဲဒီ နေ့ဟာ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဘက် Trainer အားလုံးကို တွေ့ရတဲ့ နေ့၊ ကိုယ်တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို လွတ်လပ်စွာ တင်ပြနိုင်ခွင့် ရှိတဲ့ နေ့လဲ ဖြစ်ပါတယ်။ ဒီ Reports တွေအားလုံးဟာ ရာထူးတက်ဖို့အတွက် အဓိက သော့ချက်တွေပါပဲ။

ဒါဆိုရင် စဉ်းစားစရာတစ်ခုက ဒီအလုပ်ရဲ့ အနာဂတ်ကဘာလဲ။ နောက်ဆုံး ဘာဖြစ်လာနိုင်သလဲဆိုတာပါပဲ။ ဒီအလုပ်က Primary Level ကနေတဆင့်ခြင်း Junior College အထိ Consultant အဖြစ်တက်သွားနိုင်သလို Company မှာ ပြန်ပြီးJunior Consultant တွေကို Trainer လုပ်နိုင်ပါသေးတယ်။ Management ဘက်ကို ကူးနိုင်ပါတယ်။ နောက်ဆုံးကတော့ Company ရဲ့ Training Department မှာ President အဆင့်ဖြစ်နိုင်ပါတယ်။ ကိုယ့်မှာအရည်အချင်းရှိရင်တော့ ပညာရေးနဲ့ ပတ်သက်တဲ့ ကုမ္ပဏီထောင်ပြီး Software ရောင်းနိုင်တာလဲ တစ်ခုပေါ့လေ။

ကျောင်းတွေမှာ နေရတဲ့ အတွက် ကလေးတွေရဲ့ ပြုမူလှုပ်ရှားမှုတွေကို စိတ်ဝင်စားတဲ့သူ၊ စာသင်ရတာပျော်တဲ့သူ၊ Knowledge Sharing လုပ်ချင်တဲ့သူ ၊ သူတပါးကို ကူညီနေရတာကို ပင်ပန်းတယ်လို့ မထင်တဲ့ သူတွေအတွက် သင့်တော်ပါတယ်။ ၀ါသနာကို အရင်းမခံဘဲ အလုပ်တစ်ခုနေနဲ့ လုပ်ရမယ်ဆိုရင်တော့ ပင်ပန်းတယ်လို့ ပြောရမယ့် အလုပ်မျိုးပါ။ ဆရာမတော်တော်များများက သူတို့ကို တစ်ခုခု ကူညီလိုက်ရင် နောက်တစ်နေ့မှာ ချောကလက်နဲ့ ကျေးဇူးတင်ကြောင်းရေးထားတဲ့ စာလေးတစ်စောင် လာပေးတတ်ပါတယ်။ ကလေးတွေကတော့ သူတို့ကိုယ်တိုင် ပန်းချီဆွဲထားတဲ့ Post card လေးတွေပေးတတ်ပါတယ်။ ဒီနိုင်ငံက ကျောင်းတွေမှာ ကလေးတွေက ဆရာမကို တွေ့ရင် ကိုရီးယား ကားတွေထဲကလို ခေါင်းလေးညွတ်ပြီး အရိုအသေပေးတတ်ပါတယ်။ ဒါကြောင့်မို့ တစ်နေ့ကို အနည်းဆုံး လူတစ်ရာလောက် အလေးပြုတာခံရတာကို ပြန်ပြီး ပြုံးပြနှုတ်ဆက်ဘို့ ၀န်မလေးတဲ့သူ၊ ချောကလက်ကြိုက်တတ်တဲ့သူတွေအတွက် သင့်တော်တဲ့ အလုပ်ကလေးတစ်ခု ဖြစ်ကြောင်းပါခင်ဗျား။ ။

3 comments:

Anonymous said...

ကို Andy Myint ဘလောဂ့်ကနေ ရောက်လာပါတယ် ။ စင်္ကာပူ ပညာရေးလောကကို ကျမလည်း စိတ်ဝင်စားတယ် ။ ခုလို Education-IT consultant တယောက်အနေနဲ့ ရေးထားတာ ဖတ်ရတော့ ၊ အတော်လေး ဗဟုသုတ ရတယ် ။

ကျမတခုသိချင်တာ... Primary School မှာ သင်တဲ့ IT software တွေကို ၊ ဘယ်အဆင့်မှာ ဘာသင်မယ်ဆိုတာ ကျောင်းအလိုက် ကိုယ့်ဘာသာ ဆုံးဖြတ်တာလား ။ MOE က ချပေးထားတာ ရှိလား ။

နောက် .. ကျမအထင်တော့ ခုနောက်ပိုင်း ထိပ်တန်းကျောင်းတွေရော Neighbourhood schools တွေပါ ၊ အိုင်တီပိုင်းကိုအရမ်းသုံးပြီး ကျောင်းသားတွေကို သင်လာသလိုပဲ ။

အဲဒါ ဘယ်လို သက်ရောက်မှုအကျိုးဆက်တွေရှိလဲဆိုတာ ပို့စ်တွေ နောက်ထပ်ရေးပါလို့ တိုက်တွန်းလိုက်ပါရစေ ။

ဒါနဲ့ ကျမဘလောဂ့်မှာ လင့်ခ်လိုက်ပါတယ် ။

See N B Seen said...

လာလည်သွားတဲ့အတွက်ရော၊ လင့်ခ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။ Primary school တွေမှာ သင်တဲ့ software တွေက ကျောင်းတစ်ကျောင်းနဲ့ တစ်ကျောင်းမတူပါဘူး။ အားလုံးက MOE IT Plan ကို လိုက်နာရပေမယ့် တချို့ကျောင်းတွေက Video Production ကို ပိုဦးစားပေးပြီး၊ တချို့ကျောင်းတွေကတော့ Web Teachnology ကို ဦးစားပေးပါတယ်ခင်ဗျာ။ အကျိုးသက်ရောက်မှုကတော့ ကလေးတွေက သူတို့ရဲ့ ဘာသာရပ်တွေမှာ IT ကို Integrate လုပ်နိုင်လာတာပါပဲ။ သူတို့ရဲ့ မူကတော့
ICT use in Education must be a means to an End, not a means by itself.
လို့ဆိုပါတယ်။ ကျွန်တော်လည်း လင့်ခ် ထားပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

nyokyawt.blogspot.com said...

May I know your email address because I just want to know about primary education as an ICT teacher and I am trying to find a job related with IT in the foreign country like Thailand, Malaysia and Singapore too. I am working for an international school in Myanmar and hoping to go make money in the foreign someday.