စိတ်ကူးထဲက စိတ်ကူး
အခုတလော... ကလေး ၁ လ ပြည့် မွေးနေ့ ၃၊ ၄ ခုလောက် သွားရတယ်။ အဲဒီက အပြန်လမ်းမှာ စဉ်းစားမိတာက "ငါ့မှာသာ ကလေးလေး တစ်ယောက်ရှိရင်..."
ဘယ်လိုစိတ်ဓါတ်မျိုးရှိစေချင်လဲ ဘယ်လိုသတ္တိမျိုး ပိုင်ဆိုင်စေချင်လဲ ဆိုပြီး ဖခင်တစ်ယောက်ရဲ့ အတွေးမျိုး စိတ်ကူးယဉ်ကြည့်မိတယ်။
စိတ်ကူးထဲက ကျွန်တော့်ရင်သွေးသည်...
- မေတ္တာကိုရယူပိုင်ဆိုင်ရဲသူ၊ ပေးဆပ်ရဲသူ
- အနိုင်ယူဝံ့သူ၊ အရှူံးကိုလက်ခံဝံ့သူ
- အမှန်ကိုမြတ်နိုးသူ၊ အမှားကိုဝန်ခံရဲသူ
- ဖြောင့်မတ်သူ၊ ကလိန်ကကျစ်ကိုရွံမုန်းသူ
- အားနည်းသူကို ဖေးမတတ်သူ၊ အားကြီးသူကို မျက်နှာလို မျက်နှာရ မ လုပ်တတ်သူ
- အခွင့်အရေးကို အချောင်မယူတတ်သူ၊ ရသင့်ရထိုက်သင့်သောအခွင့်အလမ်းကိုလက်မလွတ်စတမ်းကြိုးစားရယူနိုင်သူ
- အရှက်နှင့် သိက္ခာကို နားလည်တန်ဖိုးထားသူ၊ ဒူးမထောက်စတမ်း ရပ်တည်ရဲသူ
- ကြင်နာခြင်း နှင့် ပြတ်သားခြင်းကို ခွဲခြားနားလည်သူ
- ရယူပိုင်ဆိုင်နိုင်စွမ်းသူ၊ စွန့်လွှတ်အနစ်နာခံရဲသူ
- တပါးသူထိခိုက်စေသော အတ္တမှကင်းရှင်းသူ၊ တပါးသူချမ်းသာစေသောပရကို မြတ်နိုးသူ
- မိသားစုဘ၀ကို ချစ်ခင်တွယ်တာမြတ်နိုးသူ
ဪ.. စိတ်ကူးယဉ် အတွေးထဲမှာတောင် အဖြူရောင် အတ္တတွေချည်းပါပဲလား။ ။
1 comment:
inn pop!
someday somehow u will have children of ur own..
but u need "ma hay thi"...in order to have children..
so hope u get married soon!
..inn..dar so..dilobae..can be flower gal at wedding?:P
Post a Comment