Saturday, May 9, 2009

လွမ်းမိသော အတိတ်ကနွေ


အခုတလော ကျောင်းမှာ မြန်မာစကားသံလေးတွေ ဟိုတစ်စ၊ ဒီတစ်စ ကြားနေရပါတယ်။ ၂၀၁၀ မှာ စင်္ကာပူက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပမယ့် ကလေး အိုလံပစ်ပွဲတော် Youth Olympic Games 2010 (YOG 2010) အတွက် ကိုယ့်ကျောင်းကို မြန်မာနိုင်ငံက ကလေးတွေ ရောက်လာမှာမို့ မြန်မာအငွေ့အသက်ကလေးတွေ သူတို့ကို သင်ပေးနေလို့ပါ။ "မင်္ဂလာပါ"၊ "နေကောင်းလား"၊ "အဘိုကြီးအို ခါးကုန်းကုန်း မသေပါနဲ့ဦး၊ နောက်နှစ်ခါ တန်ဆောင်မုန်း ပွဲကြည့်ပါဦး" သူတို့ဆိုတတ်နေကြပြီ။ ဆရာမလေးတွေလည်း သနပ်ခါးလေးတွေ လိမ်းဘူးကြပြီ။ ကလေးတွေလည်း မြန်မာအကလေးတွေ ကနေကြပြီ။ ကိုယ့်ကိုတွေ့ရင် မင်္ဂလာပါ လို့ပြောတတ်နေကြပြီ။ မေသန်းနုကို လှတယ်တဲ့။ နန္ဒာလှိုင်ကိုတော့ ၀ တယ်နော်တဲ့။ ဒါတွေသိဆို အသက် (၁၂) နှစ် အရွယ်ကလေးတွေ လုပ်ရတဲ့ Project ကလဲကြည့်ပါဦး...


Dear Students,

As fellow Singaporeans, you should be excited about the upcoming 2010 Youth Olympic that our country Singapore is playing host to all the youth athletes from over the world. It is indeed an exciting event that we Singaporeans can truly be part of and an excellent opportunity for us to show our hospitality to all our friends from around the world during their stay in our country.
Pupils of our Primary School have the honour of being “buddy” to athletes from Myanmar prior to the start of the YOG 2010. For your Project Work (PW), you are required to design and publish an information booklet detailing some information for a foreign student athlete from Myanmar (your buddy from Myanmar) coming for a 1 year stay in Singapore prior to YOG 2010.

You may source for information from the internet or reference materials like books and magazines but you must cite the source of information under references at the end of information booklet.

Part 1: Brief Background of Myanmar & its people
Bried background on Myanmar (eg, historical background, geographical location, climate and population)

Religious practices
Festivals and customs
National dress
Food

You may present the information in the form of a word document with subheadings. You will also be required to share your findings with your classmates during class oral presentation time.

ကိုယ်လည်း ကလေးတွေနဲ့သူတို့ သိချင်တာလေးတွေ ပြောပြလိုက်၊ ဗီဒီယိုဖိုင်လေးတွေပြပြီး ရှင်းပြလိုက်နဲ့ စိတ်ချမ်းသာနေပါတယ်။ မြန်မာ့အလှ၊ မြန်မာ့ရှုခင်းကို သူတို့က သဘောတွေကျလို့၊ တချို့ဆရာတွေကလည်း ပင်နီဆူလာမှာ ကြေးအိုးစားကြ၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ တွေ စားကြ၊ ဒုတိယကျောင်းအုပ်ကလည်း မြန်မာပြည်အနှံ့ သူသွားခဲ့တဲ့ ဗီဒီယိုဖိုင်လေးတွေ ပြပြီး ကလေးတွေကို ရှင်းပြရ၊ လုံချည်လေးဝတ်ပြရနဲ့။ သူတို့တွေ လိုအပ်သမျှ ကိုယ်လည်း မမောနိုင် မပန်းနိုင်။ တရုတ်၊ ကုလား ကလေးတွေက မင်္ဂလာပါလို့ နှုတ်ဆက်ရင် သဘောတွေကျလို့။
ကိုယ့်နိုင်ငံအကြောင်းနေ့တိုင်းပြောနေရလို့လားမသိ၊ အခုတစ်လော အိမ်ကို ပိုလွမ်းမိတယ်။ အိမ်ပြန်ချင်စိတ်တွေလည်း အရင်ကထက် ပိုများနေသလိုလို။ သရက်သီးမစားဘူးတဲ့လူကို အ၀ါရောင်လေး၊ စားရင်ချိုတယ်လို့ ပြောနေရတဲ့အတိုင်း တခါတလေလည်း သူတို့တွေအားလုံး ကိုယ့်နိုင်ငံကို ရောက်ဖူးစေချင်တဲ့ စိတ်တွေဖြစ်လို့။ ကိုယ့်စိတ်တွေကလည်း အချိန်တော်တော်များများ အတိတ်ဆီမှာ၊ ကိုယ်ရောက်ဖူးခဲ့တဲ့ ကိုယ့်နိုင်ငံရဲ့ မြို့တွေဆီမှာ တ၀ဲလည်လည်၊ အထူးသဖြင့် ပုဂံမြေပေါ့။ လွန်ခဲ့တဲ့ ၆ နှစ်လောက်တုန်းက သူငယ်ချင်းတွေ ကျောင်း Project အတွက် Documentary Video လေးတစ်ခုရိုက်တာကို ပါလေရာ ငါးပိချက် လိုက်လုပ်ဘူးတာလည်း သတိရနေပြန်တယ်။ မနေ့ကလည်း ဒီ Video လေးကို ပြန်ကြည့်ရင်း ကမ္ဘာမြေကြီးပေါ်မှာ တစ်ယောက်တစ်နေရာဆီ ရောက်နေကြတဲ့ သူတို့တွေကို လွမ်းနေမိပါသေးတယ်။ သူတို့ရဲ့ Video Clip လေးကို ကိုယ့် ဘလောဂ့်မှာ လွမ်းလွမ်းနဲ့ အမှတ်တရ တင်ထားပါတယ်။

6 comments:

ပုံရိပ် / Pon Yate said...

ပုလင်းပန်းချီရေးတာ အခုမှ တွေ့ဖူးတယ်။ ပုဂံ ရှုခင်းတွေ ကြည့်ပြီး လွမ်းလာပါတယ်။

simple thinking said...

ကို Seen....သူတို့ လေးတွေကို မြန်မာစကားတင်မကဘူး၊ မြန်မာ့ရိုးရာကစားနည်းဖြစ်တဲ့ ရျွှေစွန်ညို၊ ထောက်စည်းဒိုးတန်း ကစားနည်းတွေပါတင်ပေးလိုက်ရင် ပျော်သွားကြမှာနော်။ ပစ်တိုင်းထောင်အကြောင်းလေးတွေ ၊နောက် ၃၈ မင်ဂလာတွေပါသူတိုလေးတွေကိုပြောပြချင်တယ်၊
အကူညီလိုရင်ပြောနော်..
အရောက်လာခဲ့မယ်.ကိုယ်နိုင်ငံအကြောင်းလေးပြောချင်
လို့ ပါ

Thant said...

စာဖတ်၊ video ကြည့်ပြီး ဝမ်းသာဝမ်းနည်းဖြစ်မိပါသည် ။

ခင်မင်းဇော် said...

အင်း ဗွီဒီယို ကြည့်ရတာ ကောင်းလိုက်တာ...
ကိုယ့်လူမျိုးအကြောင်း သင်ပေးနေရတော့ ပျော်နေမှာပေါ့။
မြင်ယောင်နေတယ်။

:P said...

သဘောတကျ ဖတ်/ကြည့်သွားပါတယ်..။

nu-san said...

video file ကတော့ ရုံးမှာ ကြည့်မရလို့ မကြည့်တော့ဘူး.. စာတွေပဲ ဖတ်သွားတယ်... မြန်မာပြည်ကတော့ အချိန်တိုင်းလွမ်းတယ်ဆိုသလို ဖြစ်နေပြီ.. နောက်မှ ပုံဂံရှုခင်းကို လာကြည့်ဦးမယ်.. :)

အမ ဟိုရက်က ဆေးခန်းသွားပြတော့ ဒီက ဂျပန်လူမျိုးဆရာဝန်က အမ အခန်းထဲလည်း ၀င်ရော“မင်္ဂလာပါ”တဲ့လေ.. ကြားခါစ ဘယ်လို အံ့သြပြီး ၀မ်းသာမှန်းမသိဘူး.. ပြန်ခါနီးတော့ “ကျေးဇူးတင်ပါတယ်”တဲ့.. :D